ဖာပွန် နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကလေးများနေ့ အခမ်း အနားကို ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၌ Online ဖြင့် ယမန်နေ့ညနေ(၃)နာရီမှ (၆)နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က Online မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ Vedio Clip ကိုပြသပေးခဲ့ပြီး ခရိုင်နှင့်မြို့နယ် အသီးသီးမှ တက်ရောက်သူ ကလေးသူငယ်များအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း နှင့် ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများနှင့်လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)