မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး နှာခေါင်းစည်း Mask ၈၀၀ခု နှင့် Face Shield (၁၀၀)ခုအား အခမဲ့ဖြန့်ဝေ

မြောက်ဥက္ကလာပ နိုဝင်ဘာ ၂၁

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ များပြားလာသော်လည်း ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများနှင့် ပြန်လည်ဖွင့်လှစ်လာသည့် လုပ်ငန်းများကြောင့် နေအိမ်ပြင်ပသို့  ထွက်ရှိမှု များပြားလာခဲ့ပြီး အပြင်သို့ထွက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Maskများ၊ Face Shield များ ဝေငှခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဈေးများတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  (က)ရပ်ကွက်၊ နွယ်သာကီ ဈေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ဦးဇော် ဦးဆောင်သောမြို့နယ်ကျန်းမာရေး၊ (က)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ နှာခေါင်းစည်း mask (၅၀၀) ခု၊ face shield (၁၀၀)ခု  တို့အား စျေးရောင်း/စျေးဝယ် ပြည်သူများထံဖြန့်ဝေခဲ့ပြီး ပြည်သူလူထုသို့ အသိပညာပေးဖိုင် version 1.0 အား hand speaker ဖြင့် နှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ခြင်းနှင့်ဝေဘာဂီရပ်ကွက် (အနန်းပင်)ဈေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယုကြည်ကြည် ဦးဆောင်သော ဝေဘာဂီရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ နှာခေါင်းစည်း mask ( ၃၀၀) ခု အား စျေးရောင်း/ စျေးဝယ်ပြည်သူများထံဖြန့်ဝေခဲ့ပြီး maskမတပ်ဆင်သူ (၅)ဦးအား ငွေ (၂၀၀)ကျပ် ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)