တောင်တွင်းကြီး နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သီလကျေးရွာ၌ NEP Phase-1 စီမံချက်ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်တို့က အမှာစကားပြောကြားခဲ့ပြီး သီလကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းနှင့် ကျေးရွာမီးလင်းရေးကော်မတီဦးမျိုးသိန်းတို့မှ ကျေးရွာပြည်သူများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သီလကျေးရွာတွင် NEP-Phase-1 ဖြင့် ၄၀၀ ဗို့ ၁၁ KV ဓာတ်အားလိုင်း 100 KVA ထရန်စဖော်မာ တစ်လုံးတည်ဆောက်နိုင်ခဲ့ပြီး အိမ်ခြေ(၁၃၀) ခန့်မီးလင်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျောင်အောင်ဌေး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)