မဟေသီအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါယမအသင်း လီမီတက်မှ အသင်းသားများအား စုဆောင်းငွေပေါ်အတိုးထုတ်ပေး

မော်လမြိုင်     နိုဝင်ဘာ        ၂၁

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မဟေသီအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါယမ အသင်းလီမီတက်မှ အသင်းသားများအား စုဆောင်းငွေပေါ်အတိုးများကို ယမန့်နေ့နံနက်ပိုင်းက အဆိုပါ အသင်းရုံး၌ ထုတ်ပေးခဲ့သည်။

အသင်းသားများအား ကိုဗစ်- ၁၉ ကာလတွင် စားဝတ်နေရေး အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ စုဆောင်းငွေပေါ်အတိုးများကို ထုတ်ပေးရခြင်းဖြစ်ပြီး (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် အတွက် အသင်းသား(၁၁၀)ဦးအား စုဆောင်းငွေပေါ်အတိုး စုစုပေါင်းငွေကျပ်(၅,၅၇၁,၂၀၅)ကျပ်ကို အသင်းဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်းနှင့် တာဝန်ရှိသူများတို့က ထုတ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)