ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မှုခင်းကြိုတင်ကာကွယ်ရေး မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ် ကြပ်မတ် စစ်ဆေး

ဆိပ်ကြီးခနောင်တို  မတ်  ၂၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် အခြားမှုခင်းများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ အထူးကြပ်မတ် စစ်ဆေးခြင်းကို မြို့နယ်အတွင်း အဓိကကျသော နေရာများတွင် ညစဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ဦး ဦးဆောင်၍ ဒု-ရဲအုပ် ဇော်မင်းထိုက်နှင့် ရဲတပ်ဖွဲ့ဝင်များက ခနောင်တိုအရှေ့ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့ ဗဟိုလမ်းမပေါ်တွင် မြို့နယ်အတွင်း သွားလာလျက်ရှိသည့် မော်တော်ကားများ၊ မော်တော် ဆိုင်ကယ်များအား ရပ်တန့်စေပြီး မူးယစ်ဆေးဝါးနှင့် အခြားမှုခင်းများ ဖြစ်ပွားမှု မရှိစေရေး၊ အန္တရာယ်ရှိ တုတ်၊ ဓါး လက်နက်များသယ်ဆောင်ခြင်းမရှိစေရေးနှင့် နယ်မြေလုံခြုံရေးတို့အတွက် အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)