လက်ပံတန်း နိုဝင်ဘာ ၂၁
လက်ပံတန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ Mask Campaign ပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့ လူစည်ကားသည့် (၁)လမ်းအဝိုင်း၊ ဘူတာလမ်းနှင့် မြို့မ စည်ပင်သာယာဈေး တို့တွင် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းမူကြိုကျောင်းမှ ဝန်ထမ်းများက ကျန်းမာရေး အသိပညာပေးခြင်းနှင့် Mask များဖြန့်ဝေပေးခဲ့ကြသည်။
လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာစုစုပေါင်း (၃၁၂)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၂၈၃)ဦး၊ ဆေးရုံ (Isolation Ward) တွင် (၅) ဦး၊ လက်ပံတန်းအစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှိ ကိုဗစ်- ၁၉ ကုသရေးစင်တာတွင်(၂၄)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝင့်နန္ဒာဌေး