ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အဖြစ် လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား သတ်မှတ်ချက်များနှင့် အညီ ရောင်းချမှု ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ ရှောင်တခင်စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစောသိန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဆရာမကြီးဒေါ်နှင်းနှင်းလှိုင်နှင့် အဖွဲ့တို့က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား (Take- away) စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား တိကျစွာလိုက်နာကြ၍ ပူးပေါင်းဆောင်ရွက်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)