ဆောမြို့နယ်တွင် Quarantine ထားရှိသူများထဲမှ (၂)ဦး၌ ကိုဗစ်ပိုး တွေ့ရှိ

ဆော နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ဆောမြို့ မိုးကုတ်ရိပ်သာ Quarantine Centre တွင် အသွားအလာ ကန့်သတ်ထားရှိသူများထဲမှ (၂)ဦးတွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုး တွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ(၂)ဦးမှာ ဆောမြို့နယ် ငလယ်ခုံကျေးရွာမှ အသက် ၂၉ အရွယ် သီလရှင် ဆရာလေးတစ်ပါးနှင့် လောင်းရှည်မှ အသက် ၂၉ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသဖြင့် အသွားအလာကန့်သတ် Quarantine ထားရှိသူများဖြစ်ကြောင်း သိရသည်။

ယင်း ပိုးတွေ့လူနာ(၂)ဦး၏ လက်ရှိကျန်းမာရေးအခြေအနေများမှာ ကောင်းမွန်လျက်ရှိကြောင်းနှင့်  လူနာအား ဆောမြို့ ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်သို့ ပြောင်းရွေ့၍ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)