ကောလင်းမြို့နယ် ကားကြီးဝန်းတွင် ယာဉ်မောင်း/ ယာဉ်အကူများကို ကိုဗစ်-၁၉ ရောဂါပိုးရှိ / မရှိကို စစ်ဆေးပေးမည်

ကောလင်း နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်   ကားကြီးဝန်းတွင် ယာဉ်မောင်း/ ယာဉ်အကူများတွင် ကိုဗစ် -၁၉ ရောဂါပိုးရှိ / မရှိကို  နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၈  နာရီတွင် RDT Kit နဲ့စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

RDT Kit နဲ့ စစ်ဆေးခံမည့်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံစာ မူရင်း၊ယာဉ်မောင်းလိုင်စင်အနီ (c) လိုင်စင်ပါရှိရမည်ဖြစ်ပြီး ယာဉ်အကူများမှာ စပယ်ယာလိုင်စင်ပါရှိရမည် ဖြစ်သည်။ ထိုအချက်အလက်များ ပြည့်စုံမှသာလျှင် စစ်ဆေးပေးသွားမည်ဖြစ်ပါကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိမ်းချုပ်တားဆီးရေးကော်မတီ  မှသိရသည်။

 မြင့်ထွန်းမင်း(ကောလင်း)