မုဒုံ နိုဝင်ဘာ ၂၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် နေအိမ်အပြင်ထွက်သူတိုင်း နှားခေါင်းစည်းတပ်ဆင်ရေး Mask နှင့် Face Shield Campaign ပြုလုပ်ခြင်း ကို ယနေ့ နံနက် ၇နာရီခွဲခန့်က မြို့ပေါ်ရှိလူစည်ကားရာနေရာစျေးများနှင့် လမ်းဆုံ လမ်းခွ နေရာများ၌ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အမျိုးသမီး ရေးရာနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တို့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်စေ ရန်အတွက် လမ်းသွား/လမ်းလာ ပြည်သူများအား နှားခေါင်းစည်း Mask နှင့်Face Shield များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ကြ ရန်၊ လိုအပ်၍အိမ်အပြင်ထွက်ပါက နှားခေါင်းစည်းတပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှနေထိုင်ကြရန်၊တစ်ကိုယ်ရည်သန့် ရှင်းရေး အထူးအလေးထားဆောင်ရွက်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော (Social Distancing) လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန်နှင့် ချမှတ်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်နိုင်မှသာ ကိုဗစ်-၁၉ရောဂါကိုကြိုတင်ကာကွယ် ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်တွန်းနှိုး ဆော်ထားသည်။ အဆိုပါ Mask နှင့် Face Shield ကမ်ပိန်းပြုလုပ်ခြင်းကို မြို့နယ်အ တွင်း၌ (၇) ရက်ကြာဖြင့် နှားခေါင်းစည်း Maskနှင့်Face Shield အခုရေ (၂၀၀၀၀) ခန့်ကို အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)