လသာ နိုဝင်ဘာ ၂၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် အမှတ်(၉)ရပ်ကွက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ လာရောက်ဆေးကုသ မှုခံယူကြသည့် လူနာများ၏ လူစောင့်များ နားခိုးနေထိုင်နိုင်ရေးအတွက် မိုးကာ ရွက်ဖျင်တဲ့များကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံးသို့ လာရောက်ဆေးကုသမှုခံယူကြသည့် လူနာများ၏ လူနာစောင့်များအတွက် လသာမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမျက်နှာစာတွင် မိုးကာရွက်ဖျင် တဲ(၅)လုံး၊ သောက်သုံးရေများ စီစဉ်ပေးခြင်း၊ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများ ထားရှိခြင်းတို့ စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုး၏ ကြီးကြပ်မှု ဖြင့် လသာမြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ဦးဆောင်ကာ ဘေးအန္တရာယ်ကင်းရှင်းရေး မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)