ထန်းတပင်မြို့နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူ တိုးလာသဖြင့် အ.ထ.က (ထန်းတပင်) စင်တာရှိ အရန်တိုးချဲ့ကျောင်းဆောင်များကို စတင်အသုံးပြု

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၂၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများမရှိ စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ သူများအား တက်သစ်တိုက်နယ်ဆေးရုံနှင့် အခြေခံပညာကျောင်း အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာလေးခုတို့တွင် အသွားအလာများ ကန့်သတ်ကာ သီးခြားနေထိုင် စောင့်ကြည့်မှုများကို ဆောင်ရွက်လျက်ရှိပြီး  ယခုအခါ မြို့နယ်အတွင်း အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူများ ယခင် ထက်တိုးလာနေသဖြင့် ..က(ထန်းတပင်) အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် အရန်တိုးချဲ့ အဆောင်အဖြစ် ထားရှိသည့် စာသင် ကျောင်းဆောင်များကို ယမန်နေ့က စတင်၍ အသုံး ပြုနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ထပ်မံတိုးချဲ့အဆောင်များအဖြစ် အသုံးပြုခဲ့သည့် ..က(ထန်းတပင်) စင်တာသို့လည်း နိုဝင်ဘာလ(၂၁) ရက်နေ့၊ မွန်းလွဲပိုင်းက အလှူရှင် ဦးအေးနိုင်ထွန်း(ကျော်-ဓာတ်မြေသြဇာနှင့် စက်သုံးဆီရောင်းဝယ်ရေး) မိသားစု၊ ဦးဇော်နေလင်း မိသားစုတို့နှင့် မြို့မပရဟိတလူငယ်အဖွဲ့ဝင်များက ရောဂါကြိုတင်ကာကွယ်ရေး ဝတ်စုံ(၁၀)ခုနှင့် သောက်ရေ သန့်()လုံးပါ ရေသန့်ကတ်(၅၀) တို့ကို စင်တာမှ တာဝန်ရှိသူများထံသို့ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

“အ..က (ထန်းတပင်) စင်တာက ယခင်က လူဦးရေ(၆၀)ဦးဆန့်တယ်၊ အခုတိုးချဲ့လိုက်တော့ နောက်ထပ်လူဦးရေ(၇၀)ဦး Quarantine ဝင်နိုင်အောင် ထပ်စီစဉ်ထားတာပေါ့ အခုဆို ..က (ထန်းတပင်)စင်တာမှာ လူဦးရေ စုစုပေါင်း(၁၃၀)ဦး Quarantine ဝင်နိုင်သွားတာ ပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ စင်တာတစ်ခု တိုးဖွင့်တိုင်းကျတော့ ဒီမှာရှိတဲ့ ဝန်ထမ်းအင်အားနဲ့ က မမျှဘူးဖြစ်နေတော့ ဖွင့်ပြီးသား စင်တာကိုဘဲ ထပ်မံတိုးချဲ့ လိုက်တဲ့သဘော ပါဘဲ” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ရှင်းပြသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများမရှိစေရေး ကြိုတင် ကာကွယ်သည့် အနေဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary Contacts) များအား တက်သစ်တိုက်နယ်ဆေးရုံ၊ ..က (ထန်းတပင်) ..က (ခွဲ)အတွင်းရေကျော်၊ ..က (ခွဲ)အုတ်ဖိုနှင့် ..က(ခွဲ)ရွာသစ်အခြေခံ ပညာကျောင်း တို့တွင် သီးခြားထားကာ အသွားအလာ ကန့်သတ်မှုများကို ဆောင်ရွက်ထားရှိ ကြောင်း သိရပြီး အဆိုပါစင်တာများတွင် အသွားအလာ ကန့်သတ်ထားရှိသူဦးရေ လက်ရှိအချိန်အထိ (၁၁၅)ဦး ထိ ရှိသလို စင်တာများသို့ နောက်ထပ် Quarantine ဝင်ရောက်မည့် သူများလည်း ထပ်မံ၍ ရှိနေသေးကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)