လမ်းမတော်မြို့နယ် အ-ထ-က(၁) Quarantine Centre သို့ ထမင်းဘူးများနှင့် အလှူငွေများ လာရောက်လှူဒါန်း

လမ်းမတော် နိုဝင်ဘာ ၂၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် --က()  Quarantine Centre ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် ယမန်နေ့က ထမင်းဘူးများနှင့် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် လမ်းမတော်မြို့နယ် ဦးဆောင်လူငယ်(သာရေး/နာရေး) လူမှုကူညီပရဟိတအဖွဲ့၏ ဦးဆောင်သူ၊ ဦးမျိုးအောင်နှင့် ၇ ရက်သားသမီးများမှ နေ့လယ်စာဒံပေါက် ဘူး(၁၀၀)၊ ညနေစာ ထမင်းဘူး(၁၀၀)နှင့် အလှူငွေကျပ်(၁၁၀၀၀၀/)ကို လာရောက်လှူဒါန်း ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ  ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်၌ အထက() Quarantine Center နှင့် Anosmia Center အ--က() မြမာလာတို့တွင် ဖွင့်လှစ်ထားရှိရာ စေတနာရှင်အလှူရှင်များကလည်း ထမင်းဘူးများနှင့် အလှူငွေများကိုလည်း  လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)