လမ်းမတော် နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား (SME) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ် တိုးတက် လာစေရေး အတွက် ရည်ရွယ်သော SME Webinar Series in the Response to COVID-19: “The Benefits of Digital Payments for SMEs in Myanmar during COVID-19 နှင့်စပ်လျဉ်း၍ ယမန်နေ့တွင် US-ASEAN Business Council နှင့် အသင်းချုပ်တာဝန်ရှိသူများ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ Webinar အား US-ASEAN Business Council (Indonesia) မှ ကြီးမှူး၍ ကျင်းပ မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့တွင် ကျင်းပရန်စီစဉ်လျက်ရှိကြောင်း သိရပြီး မြန်မာနိုင်ငံရှိ SME ကဏ္ဍနှင့် လုပ်ငန်းရှင်များအတွက် များစွာ အထောက် အကူပြုမည်ဖြစ် ကြောင်း သိရသည်။
USABC Regional Managing Director & Senior Vice President Ambassador Michael Michalak နှင့် US-ASEAN Business Council (Indonesia) မှ Ms. Nugraheni Widia Utami တို့မှ ကုန်သည်စက်မှုအသင်းချုပ် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးထွန်း၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့နှင့် အဆိုပါ SME Webinar ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်