လမ်းမတော် နိုဝင်ဘာ ၂၂
ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအား ယမန်နေ့ မွန်းလွဲပိုင်း က ကျင်းပခဲ့ပြီး အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာစကားပြောကြား ခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်/တိုင်း ကုန်သည်စက်မှုအသင်းများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ကိုဗစ်ကာလတွင် ကုန်စည်စီးဆင်းမှုနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအား အထူးကိစ္စ ရပ်တစ်ခုအနေဖြင့် အလေးထားဆောင် ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက် မှုကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ပြည်နယ်/တိုင်းရှိ အလုပ်အမှုဆောင်များ၊ ဝန်ထမ်း များ၏ Capacity Building မြှင့်တင်ပေးရန် အတွက်လည်း အရေးကြီး ပါသဖြင့် အွန်လိုင်းမှ ဆွေးနွေးပွဲများပြုလုပ်ရန် စီစဉ်လျက်ရှိပါ ကြောင်း၊ အလုပ်အမှုဆောင်များ အနေဖြင့် နိုင်ငံတကာမှ ဖိတ်ကြားလာသော ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်စေ လိုကြောင်း ပြောကြားခဲ့ သည်။
အစည်းအဝေးတွင် ကိုဗစ်ချေးငွေကိစ္စရပ်များ၊ ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်မည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်သည်စက်မှုအသင်းများ၏ လက်ရှိဆောင် ရွက်နေသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှု ဆောင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကုန်သည်စက်မှုအသင်းများ၊ နယ်စပ်ကုန်သွယ်ရေးအသင်းများ၊ ညီနောင်အသင်းများ၏ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့် လမ်းမတော် (ပြန်/ဆက်)