လမ်းမတော်မြို့နယ်တွင် သက်သာသော ဈေးနှုန်းများဖြင့် အသား၊ ငါး ၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံ စားသောက်ကုန်များကို စတုတ္ထအကြိမ်မြောက် လှည့်လည်ရောင်းချ

လမ်းမတော်  နိုဝင်ဘာ ၂၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်နှင့် ညီနောင်လုပ်ငန်းရှင် အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အသား၊  ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံ စားသောက်ကုန်များကို စတုတ္ထအကြိမ်မြောက် လှည့်လည်ရောင်းချခြင်းကို အမှတ်() ရပ်ကွက်၊ အနော်ရထာလမ်း၊ ၁၅လမ်း၊ ၁၆လမ်းနှင့် အမှတ်()ရပ်ကွက်၊ ခရေပင်လမ်း၊ ပညာရေးဝန်ထမ်း အိမ်ရာ ရှေ့တို့တွင် ယမန်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စျေးရောင်းချရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများ ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေး၊ စျေးနှုန်းသက်သာ စွာဖြင့် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး၊ စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူရရှိနိုင်ရေး၊ မိမိတို့ နေအိမ်အနီးမှာ ပင်ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စျေးရောင်းချရာနေရာသို့​ ရန်ကုန်အနောက်ပိုင်း ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးကျော်က အနီးကပ် ကြီးကြပ်၍ စျေးဝယ်သူများအနေဖြင့် Social Distancing ဖြင့် လိုက်နာဝယ်ယူရေး၊ စျေးရောင်းကားများ အနေဖြင့် သန့်ရှင်းလတ်ဆတ်သော ကုန်ပစ္စည်းများဖြစ်စေရေး၊ စျေးနှုန်းမှန်ကန်စွာရောင်းပေးရေး တို့ကို စစ်ဆေးကြပ်မတ် ပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်နှင့်ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဈေးကားများဖြင့် ရောင်းချသူ၊ ယ်ယူသူများ စနစ်တကျ ဝယ်ယူရောင်းချ နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ဈေးကားများကို ()ရက်လျှင် (၁)ကြိမ် မြို့နယ်အတွင်း ရပ်ကွက်များ၌ လှည့်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်ထံမှ သိရသည်။

အေးမဥ္ဇူ (ပြန်/ဆက်)