WE Love Yangon မှ ပြည်သူမှပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၀၄) စုအားစားသောက်ကုန်များ ဆက်လက်ထောက်ပံ့လှူဒါန်း

ဒဂုံမြို့သစ်(အရှေ့ပိုင်း)   နိုဝင်ဘာ    ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလက်လုပ်လက်စား ပြည်သူများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများအား ပြည်သူမှပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် We Love Yangon မှ အခြေခံစားသောက်ကုန်များကို ထောက်ပံ့ လှူဒါန်းပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း အချိန်ကစတင်ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ နွမ်းပါးအိမ်ထောင်စု ၁၀၄ စု အား အခြေခံစားသောက်ကုန်များကို ဆက်လက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ထိုသို့ လှူဒါန်းရာတွင် အလှူရှင်များကိုယ်စား We Love Yangon မှ တာဝန်ရှိသူများ၊ We Love East Dagon အဖွဲ့မှ တာဝန်ရှိသူများသည် အမှတ်(၁၄၊ ၁၅၊ ရွာသာကြီး ၊ ထောင်တလုတ်) ရပ်ကွက်များအတွင်းရှိ  နွမ်းပါးအိမ်ထောင်စု ၁၀၄ စု အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၂ ပြည်၊ ဆီ  ၁ ဘူး၊  အချိုရည် ၃ဘူး၊ ခေါက်ဆွဲခြောက် ၁ ဖာ၊ ငါးသေတ္တာ ၅ ဘူး၊ နှာခေါင်း စည်း KN 95  Mask တစ်ခု စသည့်  အခြေခံ စားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ We Love Yangon လူထုအခြေပြုပရဟိတ အဖွဲ့အနေဖြင့် ပြည်သူမှ ပြည်သူသို့ မျှဝေရေး အစီအစဉ်ဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ဆက်လက်ထောက်ပံ့လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)