လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ (တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ နိုဝင်ဘာ ၂၂

စိုက်ပျိုးရေး၊​ ​မွေးမြူရေးနှင့်ဆည်​​မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်နေသော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ​​ကောင် အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြားရေးမှူး ဦးစတင့်ဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးစတင့်ဝေသည် လှိုင်းဘွဲမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းထောက်ပံ့ငွေ ၂၀,၀၀၀,၀၀၀ ကျပ် စီဖြင့် ကောင်အထည်ဖော်ဆောင်နေသော အင်းနို့သိပ္ပံကျေးရွာအုပ်စုအတွင်းမှ ထော်ရွဲကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း (အရှည် ၁၃၀၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ)လုပ်ငန်းနှင့် ကျွန်းတောကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း (အရှည် ၁၃၀၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) လုပ်ငန်းများ ဆောင်ထားရှိမှု အခြေအနေများကို ကြည့်ရူစစ်ဆေးခဲ့ပြီးကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီများနှင့်တွေ့ဆုံကာ လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် လည်ပတ်ထိန်းသိမ်းရေးအစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)