လှိုင်းဘွဲ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ရောဂါ ကာကွယ်ရေး နည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်လာစေပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask campaign ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြိုင်ကြီးငူအထူးဒေသ တိုက်နယ်ဆေးရုံ ဆရာဝန်ဒေါက်တာ သန်းထိုက်အောင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင တာဝန်ရှိသူများက လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း Mask များနှင့် Face Shieldများ အခမဲ့ဖြန့်ဝေခြင်း၊ ရေမလို လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်း နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)