ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီသို့ အလှူငွေများ၊ အထောက်အကူပြု ပစ္စည်းများလှူဒါန်း

တွံတေး   နိုဝင်ဘာ   ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီထောက်ပံ့ရေး အဖွဲ့သို့ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေးရန်နှင့် လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေး အလှူရှင်များက ယမန်နေ့ နေလယ်ပိုင်းက နေရာအသီးသီးတွင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူညီစောင့်ရှောက်ရေး အဖွဲ့အား ကိုဗစ်-၁၉ လုပ်ငန်းများ ဆောင်ရွက်မှုများတွင် အသုံးပြုရန်အတွက် ကျွန်းတော ရပ်ကွက်မှ ဦးကိုကိုလတ် မိသားစုမှ ဆန်ချော (၁၀)အိတ်၊ ကျွန်းတော ၅ လမ်းမှ ကိုအောင်ကိုလတ် မိသားစုမှဆန်ချော (၅)အိတ်၊ အုန်းပင်စုရပ်ကွက်မှ ကိုအောင်ကိုက ဆန်ချော(၃)အိတ်၊ မခြူးခြူး မိသားစုမှ ဆန်ချော(၂)အိတ်၊ မိဘမေတ္တာ ဆန်ဆိုင်မှဆန် (၂)အိတ်၊ ဆရာချစ်-စက်မှုမှ အလှူငွေ ကျပ်နှစ်သိန်း၊ ဦးခင်ရွှေမိသားစုမှ အလှူငွေကျပ်(၂)သိန်း၊ ဦးအောင်ကျော်မျိုး မိသားစုမှ တစ်သိန်းကျပ်၊ ဒေါ်တူးတူးမှ ၅၀၀၀၀ကျပ်၊ ဒေါ်လှရင် မိသားစုမှ ၅၀၀၀၀ကျပ်၊ မောင်ဟိန်းသူဝင်းမှ ၅၀၀၀၀ကျပ်နှင့် အ.မ.ကအိုးဘို အနောက်၊ အ.မ.က ရေလယ်ကျောင်းများမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး ဆရာ/ဆရာမများက ကြိုတင်မဲ ဆောင်ရွက်မှု အတွက်ရရှိသော ငွေကျပ် (၁၆၀၀၀၀) ကျပ်အား ကိုဗစ်-၁၉ အထောက်အကူပြုအဖွဲ့အား လှူဒါန်းပေးရာ တာဝန်ရှိ သူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် လှူဒါန်းမှုအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ကျေး ဇူးတင်စကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)