ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ(၅)ဦး ကျန်းမာရေးကောင်းမွန်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြု

ကလေး နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင် ၃၀၀ ဆံ့ဆေးရုံ (တိုင်းရင်းဆေးရုံ) အထူးကြတ်မတ် ဆောင်တွင် ဆေးကုမှု ခံယူနေကြသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြု လူနာ()ဦးတို့သည် ဆေးရုံဆင်း သတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးကောင်းမွန်သောကြောင့် ယနေ့ နံနက်(၁၀)နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအတည်ပြုလူနာ()ဦးတို့မှာ ကလေးမြို့ တပ်ဦးသီတာရပ်ကွက်နယ်မြေ()မှ အမျိုးသား ()ဦး၊ တောင်ဖီလာ အစိုးရ အိမ်ရာမှ အမျိုးသမီး()ဦး၊ ခရိုင်ရဲစခန်းမှ အမျိုးသား()ဦး တို့ဖြစ်ကြပြီး ခုတင်-၃၀၀ ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက ဆေးရုံဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီးနောက် လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ သူနာပြုဆရာ/ ဆရာမများက မှာကြားခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ  စုစုပေါင်း(၁၅၅)ဦးရှိကာ (၁၂၅)ဦးတို့မှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး ကျန်ရှိနေ သည့် (၃၀)ဦးတို့ကို ကလေးမြို့ ခုတင်-၃၀၀ဆံ့ဆေးရုံကြီး (တိုင်းရင်းဆေးရုံ)နှင့် ပြည်သူ့အငှား အိမ်ရာ(အိတ်စွပ်) အထူးကြတ်မတ်ဆောင်တွင် ဆေးကုသမှုခံယူစေကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)