ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းရွာသစ်     စက်တင်ဘာ   ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့် ပတ်သက်သော အကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား၊ ကျောင်းသူလူငယ်လေးများဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ပြင်ပစာပေဗဟုသုတများ ရှာဖွေလေ့လာမှတ်သားသည့် အလေ့အကျင့်များရှိစေရန်၊ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးများကို အကျိုးပြုနိုင်မည့် လူငယ်လေးများဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများက မိမိတို့သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)