ပေါက်ခေါင်း နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ(၅)ဦးမှာ ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်၍ ယနေ့ နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၅)ဦးကို ရောဂါပိုးစတင်တွေ့ရှိသည့် ရက်နေ့မှစ၍ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင် တွင် ထားရှိပြီး ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ် ကာလ ရက်ပြည့်မြောက်သည့် အချိန်တွင် ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဆေးရုံ ဆင်းခွင့်ရရှိသူများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သိမ့်သိမ့်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူတစ်ဦး က Stay Home နေရမည့် စည်းကမ်းချက်များ အား ဖတ်ကြားရှင်းလင်းခဲ့ကာ ပေါက်ခေါင်းမြို့နယ် ပရဟိတနာရေး ကူညီမှုအသင်း နှင့် ကရုဏာရောင်ခြည်ပရဟိတအသင်းတို့မှ ကားများဖြင့် အိမ်အရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၅)ဦး ယနေ့ဆေးရုံမှ ဆင်းခွင့်ပြုသဖြင့် လက်ရှိပြည်သူ့ဆေးရုံကြီးတွင် အတည်ပြုလူနာ(၂)ဦး သာ ကျန်ရှိတော့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)