နန်းယွန်း နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ အောင်သိဒိ္ဓမဟာဘုန်းကမ္ဘာကျော် စေတီတော်မြတ်ကြီး စေတီ ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် ကြပ်မတ်ပြီး ယနေ့ နံနက် ၉ နာရီက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စေတီရွှေသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုဦးစီးမှူး အောင်မိုးဟိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)