သုံးခွမြို့နယ် ပြည်သူ့ဆေးရုံသို့ ဒိန်းမတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လာရောက်လှူဒါန်း

သုံးခွ    နို၀င်ဘာ     ၂၂

ရန်ကုန်‌တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ   ဆောင်ရွက်နိုင်ရေးအတွက်  ဒိန်းမတ်နိုင်ငံမှ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဒိန်းမတ်နိုင်ငံမှ Level-2 ကိုဗစ်-၀တ်စုံ အစုံ (၄၀၀)နှင့် နှာခေါင်းစည်း Mask အခု (၃၀၀၀)အား မြန်မာနိုင်ငံ ငါးလုပ်ငန်း အတွင်းရေးမှူး ဒေါက်တာအောင်မြင့်မှ လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာ‌ရေး ဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်