အဆင့်မြင့်စာကြည့်တိုက်ပညာသင်တန်း( Online Course )(၁/၂၀၂၁)ဖွင့်လှစ်မည်

 

ကျောက်တံတား နိုဝင်ဘာလ၂၂

မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက ကြီးမှူး၍  စာကြည့်တိုက်ပညာနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်လျက်အဆင့်မြင့် စာကြည့်တိုက်ပညာ(Online Course)(/၂၀၂၁) သင်တန်းကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၅)ရက်​နေ့မှ ဇန်နဝါရီလ ရက်နေ့ထိတနင်္လာ​နေ့မှ စ​နေ​နေ့ထိ နံနက်(၁၀)နာရီမှ(၁၂)နာရီထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်​ ​ကြောင်းသိရသည်။

အဆိုပါ သင်တန်းကို Zoom app ဖြင့် သင်ကြား​​ပေးမည်ရာ သင်တန်းသို့ စာကြည့်တိုက်လုပ်ငန်း​ဆောင်ရွက်​နေသူ(သို့) စာကြည်တိုက်ပညာကို စိတ်ဝင်စားစွာ သင်ကြားလိုသည့် မည်သူမဆို တက်ရောက်နိုင်ပြီး သင်တန်းတွင် စာကြည့်တိုက်ပညာနှင့် စာကြည့်တိုက်ဆိုင်ရာ နည်းပညာ ဘာသာရပ် စုစု​ပေါင်း ဘာသာရပ်​(၁၇) ခု ကို သင်ကြား​ပေးသွားမည်ဖြစ်ကြောင်း၊  သင်တန်းအစအဆုံး တက်​​ရောက်သူ များ ကိုသာ ( Completion Certificate of Library Education and Technology)​​ ကို​ပေးအပ်သွားမည်ကြောင်း၊ သင်တန်းလျှောက်လွှာများကို  google form တွင်ဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ google form ကို မြန်မာနိုင်ငံစာကြည့်တိုက်အသင်း facebook page  တွင်ရယူနိုင်ကြောင်း၊  လျှောက်လွှာများကို ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ဆုံးထား ဖြည့်ပြီး  myanmarlibraryassociation.mla@gmail.com saibhonemyat75@gmail.com; winzawlatt394@gmail.com;  Email များသို့  ​ပေးပို့ရမည်ဖြစ်ကြောင်းနှင့် အ​သေးစိတ်သိရှိလိုပါက ဖုန်း ၀၉၂၅၄၈၀၃၇၇၀နှင့်  ၀၉-၄၅၀၆၂၇၂၂၆ သို့  ဆက်သွယ် မေးမြန်းနိုင်​ ကြောင်း သိရှိရသည်။

ရွှေနန်း​မေ(ပြန်/ဆက်)