ချောင်းဆုံ စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ/ ဉာဏ စွမ်းရည်ဖွံ့ဖြိုးလာစေရေးအတွက် ယမန်နေ့က ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိသူဇာက ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အားပြောကြားကာ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့သည်။
ဆက်လက်၍ကဗျာရွတ်ဆိုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ ခင်းကျင်းပြသ ထားသည့် စာအုပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင် များကိုစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)