သံဖြူဇရပ်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

သံဖြူဇရပ် စက်တင်ဘာ ၁၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ဘဝအောင်မြင်စေရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေမည့် ပြင်ပစာပေများကိုလေ့လာဖတ်ရှုကြစေရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး/ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟော‌ပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ၊ ယာဥ်အန္တရာယ်လမ်း၊ လမ်းအန္တရာယ်ကင်းရှင်းရေးစသည့် အသိပညာပေးနံရံကပ်ဗီနိုင်းပိုစတာများနှင့် ဗဟုသုတ ရရှိစေမည့် သုတ/ရသ စာအုပ်များကိုပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)