ဆိပ်ဖြူမြို့နယ်၌ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက် လေ့ကျင့်

ဆိပ်ဖြူ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အထပ်မြင့် အဆောက်အဦများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများကို  ဇာတ်တိုက်လေ့ကျင့်ခြင်း ကို ယမန်နေ့ ညနေ (၃)နာရီ က လေ့ကျင့်ဆောင်ရွက်ခဲ့သည်။

ဆိပ်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များနှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံပိုင်အဆောက်အဦးများနှင့်  ထုတ်ကုန်အရင်းအနှီးများကို ဘေးအန္တရာယ်အမျိုးမျိုးမှ တားဆီးကာကွယ်နိုင်ရန်၊ သဘာ၀ဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ထိရောက်သော တုံ့ပြန်ကယ်ဆယ်ဆောင်ရွက်နိုင်ရန်၊ စွမ်းရည်ပြည့်၀သော အရန်မီးသတ်တပ်ဖွဲ့၏ မီးသတ်သမားကောင်းများဖြစ်စေရန်နှင့် ထိခိုက်မှုအန္တရာယ်များ နည်းပါးသက်သာစေရန်၊ မီးသတ်သမားတို့၏ တတ်အပ်သောပညာရပ်များဖြင့် ဒေသခံပြည်သူလူထု၏ အကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလေ့ကျင့်ခြင်းကို မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအောင်ဇော်လင်းက ကြီးကြပ်၍ မြို့မ မီးသတ်စခန်းမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များက အထပ်မြင့်အဆောက်အဦးအတွင်း ပိတ်မိသူများ ကယ်ဆယ်ရေးဆောင်ရွက်မှုနှင့် အထပ်မြင့်အဆောက်အဦးများ ယာဉ်ယန္တရားကြီးများအသုံးပြု၍  မီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

စိုးလင်းနိုင်(IPRD)