လှိုင်းဘွဲ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ကပ္ပလီကျေးရွာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံနှင့် အခြား အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့က မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (ကပ္ပလီ) ရုံး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိသည်။
အဆိုပါ လှူဒါန်းပွဲတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုရန်အတွက် သာယာကုန်းကျေးရွာအုပ်စု ကပ္ပလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောရွှေဘော်မှ PPE ဝတ်စုံ (၅) စုံ၊ surgical ဝတ်စုံ (၃၀) ထည်၊ ခေါင်းစွပ်(၁)ထုပ်၊ မျက်မှန် (၅) ခုနှင့် နှာခေါင်းစည်း N-95 (၅) ခုတို့ကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကပ္ပလီ) ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)