စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူထား

ချောင်းဦး နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ ယနေ့နံနက်ဆေးရုံမှ ဆင်းခွင့်ရရှိသော ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားသည့် အတည်ပြုလူနာတစ်ဦးအား မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) အရ အမှု့ဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာတွင် နေထိုင်သည့် အသက် (၃၆) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသည့်အတွက် ချောင်းဦးအထက CBFQ တွင် အသွားအလာ ကန့်သတ်ထားရှိပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ရာ နိုဝင်ဘာ ၁၀ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ လူနာအား မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ခေါ်ယူ သီးသန့်ထားရှိပြီး ဆေးကုသပေးနေရာ နိုဝင်ဘာ ၁၈ ရက်နေ့ညနေ နာရီခွဲအချိန် ဆေးရုံပြင်ပသို့ တိတ်တဆိတ် ထွက်ခွာပြီး မြို့မရပ်၊ ရွှေတောင်ကွက်သစ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှ စားသောက်စရာပါ ဆယ်ဝယ်ယူခဲ့ကြောင်း၊ စတိုးဆိုင်တစ်ဆိုင်မှ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ချောင်းဦးမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်သည့် အတွက် ဥပဒေအတိုင်း ဆောင်ရွက်အရေးယူပေးရန် ချောင်းဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းဦး၏ တိုင်စာရေးသားပေးပို့တိုင်တန်းချက်အရ ချောင်းဦးမြို့နယ်ရဲစခန်းမှ () ၃၃၇/၂၀၂၀ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) အရ အမှု့ဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း၊ အမှုအား ဒုရဲအုပ်နိုင်ဇော်လတ်မှ လက်ခံစစ်ဆေးလျက်ရှိပြီး ကိုဗစ်-၁၉ အတည်ပြုလူနာအား Stay at Home () ရက် ပြီးမြောက်ပါက အမှုဖြင့် ဖမ်းဆီးစစ်ဆေး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်းမှသိရသည်။

ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် စားသောက်ဆိုင်နှင့် စတိုးဆိုင်အား ကျန်းမာရေးဌာနမှ ယာယီပိတ်သိမ်းထားပြီး ထိတွေ့ခဲ့သည့် ဆိုင်ဝန်ထမ်း () ဦးအား ယမန်နေ့ညနေပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ Ag Test ဖြင့် ပထမအကြိမ် စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိကြောင်း၊ ချောင်းဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့သူ rtPCR Test ဖြင့် ၃၃၅ ဦး၊ ကိုဗစ်-၁၉ Ag Test ဖြင့် ၁၈၁ ဦး၊ စုစုပေါင်း ၅၁၆ ဦး စစ်ဆေးခဲ့ပြီး ပိုးတွေ့အတည်ပြုလူနာ (၁၇) ဦး တွေ့ရှိကာ (၁၆) ဦးဆေးရုံမှ ဆင်းခွင့်ပြုပြီး ဆေးကုသမှု ခံယူနေသူ () ဦးသာရှိတော့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရှိရသည်။

ဝင်းမြင့်အောင် (ပြန်ဆက်)