လှိုင်းဘွဲမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်

လှိုင်းဘွဲ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက် စည်ပင်သာယာမြို့မဈေး၊ ယာယီပျံကျဈေးနှင့် လူစည်ကားရာ နေရာများတွင် Mask Campaign ဆောင်ရွက်ခြင်းကို    ယနေ့နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး လက်ထောက် ကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ကျန်းမာရေးဆရာမများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့က စည်ပင်သာယာမြို့မဈေး၊ ယာယီပျံကျဈေးနှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)