ဆောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း

ဆော နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြည်သူ့ဆေးရုံ၊ Quarantine Centre နှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်နှစ်ခုသို့ ယမန်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးမြို့နေ ဦးကျော်သူမင်း+ဒေါက်တာဆွေမာဇင် သမီး မဆောင်းဝတ်မှုန်ဦး မိသားစုမှ ငွေကျပ် (၅၆၂၀၀၀) တန်ဘိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုတွင် ဆောမြို့နယ် ပြည်သူ့ဆေးရုံ၊အသွားအလာကန့်သတ် စောင့်ကြည့်ရေး Quarantine Centre ဖြစ်သည့် မိုးကုတ်ရိပ်သာနှင့် မြို့ဝင်/မြို့ထွက် ကျန်းမာရေး စစ်ဆေးဂိတ် နှစ်ခုတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး အထောက်အကူပြုပစ္စည်းများဖြစ်သည့် လက်သန့်ဆပ်ပြာရည် (၆၀၀မီလီ) (၈၀)ဘူး၊ ရေမလို လက်သန့်ဆေးရည် (၆၀၀မီလီ) (၆၀) ဘူး၊ ရေမလိုလက်သန့်ဆေးရည် (၁ လီတာ) (၂၄)ဘူး၊Surgical Mask အခု(၇၅၀)တို့အား အလှူရှင်များကိုယ်စား ဆရာမကြီး ဒေါ်သန်းသန်းထွေး (အောင်ကံ့ကော်ပညာရိပ်သာ) မှ ပေးအပ် လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

ဇော်မျိုးသန့် (ဆော)