ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ Social Distancing နှင့်အညီ ယနေ့နံနက် ၈ နာရီမှစတင်၍ ပင်စင်လစာများ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ တိကျစွာလိုက်နာကြရန် စည်းကမ်းချက်များ ကပ်ထားကြေညာခြင်း၊ လက်ဆေးဘေစင်နှင့်ဆပ်ပြာ များထားရှိပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင် နေထိုင်နိုင်ရန် စီစဉ်ထားရှိပေးပြီး ထုတ်ပေး လျက်ရှိသည်။ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့ပြ ပင်စင်စား (၄၇၀)ဦး၊ ကာကွယ်ရေး ပင်စင်စား (၁၃၉) ဦး၊ နိုင်ငံရေးပင်စင်စား (၉၉) ဦးနှင့် မြန်မာ့စီးပွားရေးဘဏ်ပင်စင်စား (၁၂) ဦးရှိကြောင်း မြို့နယ် မန်နေဂျာ ဒေါ်နှင်းနှင်း လှိုင်ထံမှ သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)