ကျိုက်မ​​ရော နတ်စမ်းကွင်း၌ အ​စေ့ထုတ်​ပြောင်းများ စမ်းသပ်စိုက်ပျိုး

ကျိုက်မ​ရော  ဇန်နဂါရီ  ၈

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ် နတ်စမ်းကွင်းရှိ စိုက်ပျိုး​​ရေးဦးစီးဌာန မြို့နယ် စမ်းသပ်စိုက်ကွက်၌ ဆောင်းရာသီ သီးနှံအဖြစ် အ​စေ့ထုတ်​ပြောင်းများ စမ်းသပ်စိုက်ပျိုးခြင်းကို ယ​နေ့နံနက် ၉ နာရီက စိုက်ပျိုး​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှတင်​မောင်နှင့် စိုက်ပျိုး​ရေး ဝန်ထမ်းများနှင့် နတ်စမ်း​ကျေးရွာ တောင်သူများ ပူးပေါင်း၍ အစေ့ထုတ်ပြောင်းများ စမ်းသပ်စိုက်ပျိုးခြင်းကို စတင်​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါနတ်စမ်း​ကျေးရွာ စမ်းသပ်စိုက်ကွင်းတွင် ​ယခင်နှစ်က ​ပြောင်းဖူးစိုက်ခင်းများ​ အောင်မြင်ဖြစ်ထွန်းခဲ့ပြီး အခြား​ဆောင်းသီးနှံဖြစ်သည့် မီးဖို​ချောင်သုံး စားသုံးသီးနှံများဖြစ်သည့် ငရုတ်စပ်၊ မတ်ပဲ၊ ပဲ​ထောင့်ရှည်၊ မြေပဲ စသည့်သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးထားလျက်ရှိရာ ​အောင်မြင်ဖြစ်ထွန်း​ကြောင်း၊ ​ဒေသခံပြည်သူများ အနေဖြင့် မီး​ဖိုချောင်အတွက် အကုန်အကျသက်သာ​စေပြီး ​စျေးနှုန်းချိုသာသွာ စားသုံးနိုင်ကြသည့်အပြင် မိသားစုဝင်​ငွေတိုးသည့် စိုက်ပျိုး​​ရေးသီးနှံများကို လူတိုင်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်​​ရေးအတွက် စိုက်ပျိုး​ရေးဦးစီးဌာနမှ နည်းပညာများ ကူညီ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း စိုက်ပျိုး​ရေးဌာနမှ ဒုဦးစီးမှူးထံမှ သိရသည်။

 

ချိုမြတ်မြတ်​ထွေး  (ကျိုကိမ​​​ရော)