စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ပျဉ်းခုံကြီးကျေးရွာတွင်ကိုဗစ်-၁၉စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့်စိုက်ပျိုးထား သော မိုးစပါးဧရာမင်း စံကွက်ရိတ်သိမ်း

ကလေး နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာတွင် ကိုဗစ်-၁၉ကြောင့်စီးပွားရေး ထိခိုက်မှု အပေါ်သက်သာရေးစီမံချက် (CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးဧရာမင်း စံကွက် ရိတ်သိမ်းခြင်းကို‌ တောင်သူဦးကျော်မိုးအောင်၏လယ်ကွင်းတွင် ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက် ခဲ့သည်။

ထိုသို့ဆောင်ရွက်ရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံ တောင်သူများ ပူးပေါင်းကာမျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း ရိတ်သိမ်းမည့်လယ်ကွက်တွင် စံနှုန်းများ တိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏ အထွက်နှုန်းတိုင်းတာခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါမိုးစပါးဧရာမင်းစံကွက်ရိတ်သိမ်းရာတွင် ဧရာမင်းမျိုးစေ့ထုတ် မိုးစပါး တစ်ဧကလျင် တင်း(၉၀) ထွက်ရှိပြီး ကလေးမြို့နယ်အတွင်း CERPအစီအစဉ်ဖြင့်စိုက်ပျိုး ထားသော မိုးစပါး ဧရာမင်း(၅၁၀) ဧကစိုက်ပျိုးလျက်ရှိကြောင်း ကလေးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ထန်းဖုန်(ပြန်/ဆက်)