ရှမ်းရွာသစ် နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်စေရန် ရည်ရွယ်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့တွင်းစိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ဒေသနေပြည်သူများအား ရေပေးဝေနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံး ငွေရင်း ရန်ပုံငွေကျပ် (၁၆၀) သိန်းဖြင့် အရှည် (၃) မိုင်ရှိ (၃) လက်မပိုက်ဖြင့် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်း များ စနစ်တကျသွယ်တန်း ပြီးစီးပါက ဒေသနေပြည်သူများအနေဖြင့် သောက်သုံးရေများကို အခက်အခဲမရှိ အဆင်ပြေလွယ်ကူစွာ ရယူအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)