စလင်း ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် စလင်းမြို့နယ် စားသုံးရေးရာ ဦးစီးဌာနမှ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန် ဘေးကင်းလုံခြုံ စိတ်ချ စေရေးနှင့် စားသုံးသူ အများပြည်သူများအား ထိခိုက်နစ်နာမှု မရှိစေရေးအတွက် စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့ စည်ပင်သာယာစျေးအတွင်းရှိ စျေးဆိုင်များသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စလင်းမြို့နယ် စာသုံးသူရေးရာဦးစီးဌာနမှူး ဦးဆန်းလင်းမောင်နှင့် မြို့နယ်အထွေထွေ အုပ်အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စလင်းမြို့စည်ပင်သာယာ စျေးအတွင်းရှိ စျေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဟင်းခတ်အချိုမှုန့် အမျိုးမျိုး၌ ဖော်ပြထားသည့် ကုန်ပစ္စည်း အမျိုးအမည်၊ အရွယ်အစား အရေအတွက်နှင့် အသားတင် အလေးချိန်ပမာဏနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ အခန်း (၁၈) ပုဒ်မ (၄၃) ပါ ပြဋ္ဌန်းချက်များကို အသိပညာပေး ဆွေးနွေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
စိုးမိုးသူ( စလင်း)