ကျောက်ကြီး နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်၌ယမန်နေ့နံနက် (၇)နာရီအချိန်က မြို့နယ်စျေးလမ်းဇုံ၊ ဆိပ်ကြီး တာဇုံ၊မြို့အတွင်းဗိုလ်ချုပ်ရုပ်ထုအဝိုင်းနှင့်စည်ပင်စျေးတို့တွင် Mask(နှာခေါင်းစည်း)များ စနစ် တကျ တပ်ဆင် သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းကိုဆောင်ရွက် ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး ဦးဆောင်၍ ပြန်/ဆက် ဦးစီးဌာန မှဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊လူငယ်ရေး ရာအဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာ ကော်မတီ ဝင်တို့နှင့် ပူးပေါင်း၍မြို့တွင်းသွားလာသူများအားကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ Mask(နှာခေါင်းစည်း)များစနစ်တကျတပ်ဆင်သွားလာစေရေးအတွက်မြို့နယ်အ တွင်း အသိပညာပေး ဆောင်ရွက်ကာ Mask (နှာခေါင်းစည်း) အခု(၂၀၀၀) အား အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခဲ့ပြီး ယနေ့မှစ၍နေ့စဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
K ခိုင် ပြန်/ဆက်