ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ(၅)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ပြု

ပေါက်ခေါင်း  နိုဝင်ဘာ 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေသာ ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြုလူနာ()ဦးမှာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီဖြစ်၍ မန်နေ့နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာ()ကို ရောဂါပိုးစတင်တွေ့ရှိသည့်ရက်နေ့မှစ၍ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိပြီး ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလရက်ပြည့်မြောက်သည့် အချိန်တွင် ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဆေးရုံဆင်းခွင့်ရရှိသူများအား မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သိမ့်သိမ့်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ရောဂါပျောက်ကင်း ကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူတစ်ဦးက Stay Home နေရမည့် စည်းကမ်းချက်များအား ဖတ်ကြားရှင်းလင်းခဲ့ကာ ပေါက်ခေါင်း မြို့နယ်ပရဟိတ နာရေးကူညီမှု အသင်းနှင့် ကရုဏာ ရောင်ခြည်ပရဟိတ အသင်းတို့မှကားများဖြင့်အိမ်အရောက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၅)ဦး ယနေ့ ဆေးရုံမှဆင်းခွင့်ပြုသဖြင့် လက်ရှိ ပြည်သူ့ဆေးရုံကြီးတွင် အတည်ပြု လူနာ(၂)ဦးသာကျန်ရှိတော့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)