ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် ကျေးလက်ကျန်းမာရေးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်

ဘုရားသုံးဆူ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် စျေးရောင်းသူများနှင့် စျေးဝယ်သူများအား ကိုဗစ်- ၁၉ ရောဂါ အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေး ဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုများအား ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်စောယုမာနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးပိုင်နိုင်ဦးတို့ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေး ဝန်ထမ်းများစုပေါင်းပြီး စျေးအတွင်းသို့ စျေးရောင်းသူများနှင့် စျေးဝယ်သူများ အား ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် အချက်များအား လက်ကိုင် အသံချဲ့စက်များဖြင့် နှိုးဆော်ပြီး စျေးအတွင်းသို့ mask campaign များပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 စောရဲဝင်းထွဋ် (ပြန်/ဆက်)