တိုက်ကြီး နိုဝင်ဘာ ၂၃
တိုက်ကြီးမြို့နယ် ဂျိုးဖြူနှင့် ဥက္ကံမြို့ သိမ်ကုန်း ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံများ ဖွင့်ပွဲကို ယမန်နေ့ နံနက် က အဆိုပါဓာတ်အားခွဲရုံများတွင်ကျင်းပသည် ။
ရှေးဦးစွာတိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ကဗ္ပည်းကျောက်စာ မော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ရှိန်တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံ အတွင်း လှည့်လည်ကြည့်ရူ့စစ်ဆေးသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဥက္ကံမြို့ သိမ်ကုန်း ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ကဗ္ပည်းကျောက်စာမော်ကွန်းအား စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရူ့ စစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံနှင့် အဝန်းမြို့ပြ ၊ ကျေးလက်ဒေသမကျန် လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာရရှိရေးအတွက် အဓိက အခန်းကဏ္ဍမှ ဦးစားပေးဆောင်ရွက်လျက်ရှိသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ရရှိရေးအတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အား ဖြန့်ဖြူးရေး ထရန်စဖော်မာများနှင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တစ်ဖက်တစ်လမ်း မှ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာပေါင်း ၂၂၀၅ ရွာအနက် ကျေးရွာ ၁၈၅၀ မီးလင်းခဲ့ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဏာနှစ်တွင် ကျန်ရှိသည့် ကျေးရွာ ၃၅၅ ရွာ ကို လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးရန် စီစဉ်ထားရှိကြောင်းနှင့်မြောက်ပိုင်းခရိုင်အတွင်း ၂၀၁၉ - ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ဓာတ်အားခွဲရုံ ၆ ရုံ တည်ဆောက်နိုင်ခဲ့ကြောင်းနှင့်ယခုနှစ် ဒီဇင်ဘာလကုန်တွင် တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နေ ပြည်သူအားလုံး (၁၀၀ )ရာခိုင်နှုန်းလျှပ်စစ်ဓာတ်အား ရရှိမှာဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် တိုက်ကြီးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးလွင်စိုးမင်း က ကျေးဇူးတင် စကား ပြောကြားသည်။
ဆန်းကျော်ဦး (လသာ - ပြန် /ဆက် )