မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၁) ဦး ကျန်းမာရေး ပြန်လည် ကောင်းမွန်ပြီ ဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိ

မြို့သစ် နိုဝင်ဘာ ၂၃

မကွေးခရိုင်၊ မြို့သစ်မြို့နယ်မှ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(၁၁)ဦး  ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီဖြစ်သဖြင့် ဆေးရုံမှ ပြန်လည်ဆင်းခွင့် ရရှိကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်အတွင်းရှိ CBFQ များတွင်ထားရှိသည့်  ရန်ကုန်ပြန်(၄၉)ဦးအား နိုဝင်ဘာ(၁၂) ရက်နေ့က နှာခေါင်းတို့ပတ် ၊   အာခေါင်တို့ပတ်ရယူ၍ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ ၎င်း (၁၁) ဦးတွင် ကိုဗစ်၉ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် ထန်းရင်းကျေးရွာ FQ မှ (မ) (၁)ဦး၊  သီးပင်ကျေးရွာFQမှ (မ)(၁)ဦး၊ မထွဲ ကျေးရွာ FQ မှ (မ)( ၁) ဦး ၊ ညောင်ဇင်ကျေးရွာ FQ မှ( မ) (၁)ဦး ၊   စည်သာကျေးရွာ FQမှ( မ) (၂)ဦး  ၊   ဖိုကြီးကျေးရွာ  FQ မှ ( မ) ( ၄) ဦး  ၊  မကြီးကုန်းလေးကျေးရွာ FQ မှ (မ) (၁) ဦး စုစုပေါင်း(၁၁)ဦးသည် လက်ရှိအခြေအနေတွင် ကျန်းမာရေး ကောင်းမွန် လာပြီဖြစ်သဖြင့် ဆေးရုံဆင်း ခွင့်ပြုကာသက်ဆိုင်ရာကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးစင်တာ (FQ) များတွင် (၇) ရက်စောင့်ကြည့်သွားဦးမှာ ဖြစ်ကြောင်း မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မြင့်ထံမှ သိရသည်။

သန်းဝင်ထွန်း ( ပြန်/ဆက်)