ပွင့်ဖြူ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများက ဉယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် သင်္ဘောသီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့ပေါ်ရှိ တစ်ပိုင် တစ်နိုင် သင်္ဘောသီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများထံမှ သိရသည်။
သင်္ဘောသီးနှံသည် ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံဖြစ်သည့်အတွက် ပြည်သူများက အကြိုက်တွေ့ ဝယ်ယူ စားသုံးကြ၍ ဈေးကွက်တွင် သင်္ဘောသီးနှံမှာ ဈေးကွက်ရှိသည့်သီးနှံတစ်မျိုးပင်ဖြစ်သည်။ သင်္ဘော သီးနှံသည် သဲနုန်းမြေ (သို့မဟုတ်) နုန်းမြေတွင် စိုက်ပျိုးပါက ပိုမိုအောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း ၊ ရေဝပ် သောနေရာနှင့် ရေခြောက်သွေ့သော နေရာများတွင် စိုက်ပျိုးပါကလည်း ဖြစ်ထွန်းမှုနည်းကြောင်း ၊ စိုက်ပျိုး ရာတွင်လည်း တစ်ပင်နှစ် တစ်ပင် အနည်းဆုံး(၅)ပေခြား စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးပြီး (၆)လ အကြာတွင် ရောင်းတန်းဝင် သင်္ဘောသီးများကို စတင်ဆွတ်ခူး ရောင်းချရကြောင်း ၊ ဈေးနှုန်းအနေဖြင့် အလုံးအကြီးပါက တစ်လုံးလျှင် ငွေကျပ် ၁၀၀၀ နှုန်း ရောင်းချရပြီး အလုံးသေးပါက တစ်လုံးလျှင် ငွေကျပ် (၆၀၀ ၊ ၇၀၀)ကျပ်ခန့် ရောင်းချရကြောင်း ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် သင်္ဘောသီးနှံ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မြင့်မြင့်အေး က ပြောသည်။
သင်္ဘောသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် ဂရုတစ်စိုက် ပြုစုပျိုးထောင်စိုက်ပျိုးပါက မိသားစုဝင်ငွေ တိုးပွားစေမည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက ဉယျာဉ် ခြံမြေများနှင့် နေအိမ်ဝိုင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း မှုရှိပြီး ဈေးကွက်တွင်လည်း စားသုံးသူ ပြည်သူများက အကြိုက်တွေ့ ဝယ်ယူစားသုံးကြ၍ သင်္ဘောသီးနှံ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိနေ ကြကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )