ပန်းတောင်းမြို့နယ် ထုံးဘို၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက် Mask Campaign ဆောင်ရွက်

ပန်းတောင်း   နိုဝင်ဘာ   ၂၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘို စျေးတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးမြှင့်တင်ရေးနှင့် နှာခေါင်းစည်း  Mask တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယမန်နေ့နံက်ပိုင်းက Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးများ၊ စျေးဝယ်သူစျေးရောင်းသူများနှင့် လမ်းသွား လမ်းလာ ဖြတ်သန်းသွားလာများအား ပါးစပ်၊ နှာခေါင်းစည်း Mask များအား အခမဲ့ဝေငှခြင်းနှင့် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်ရေး အသိပညာပေး ပြောကြားသည်။
အဆိုပါ ဆောင်ရွက်မှုတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်း၊ တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်တို့ကဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် လ.ဝ.ကဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး Maskများ အခမဲ့ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)