ကျိုက်မ​ရောမြို့မြန် မာ့စီးပွား​ရေးဘဏ်ခွဲ၌ ကိုဗစ်-၁၉ ​ရောဂါ ကာလအတွင်း ပင်စင်လစာများ စနစ်တကျထုတ်​ပေး

ကျိုက်မ​ရော  နိုဝင်ဘာ  ၂၃

ကျိုက်မ​ရောမြို့နယ် မြန်မာ့စီးပွား​ရေးဘဏ်ခွဲ၌ အငြိမ်းစားပင်စင်လစာများ လာ​ရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ​ရောဂါကူးစက် ပြန့်ပွားမှုမရှိ​စေရန်အတွက် ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ယ​​နေ့နံနက် ၈နာရီမှ စတင်ကာ ထုတ်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ပင်စင်လစာ​ငွေများကို နိုဝင်ဘာ၂၃ရက်​နေ့မှစ၍ ဘဏ်ဖွင့်ချိန်အတွင်းလာ​ရောက် ထုတ်ယူလျက် ရှိရာ  လူစုလူ​ဝေးမဖြစ်​ပေါ်​ ​စေ​ရေးအတွက် ဘဏ်ရုံးအ​ရှေ့ဘက်​ရှိ​နေရာလွတ်တွင် ပင်စင်စား ဝန်ထမ်းများ အနားယူအပန်း​ဖြေ​စေနိုင်ရန် အမိုးအကာများထားရှိ​ပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆​ပေအကွာ​နေ​စေ၍ မျက်နှာအကာများနှာ​ခေါင်းစည်း Mask များကိုစနစ်တကျ တပ်ဆင်​စေခြင်း၊ ဘဏ်အတွင်းဝင်သည်နှင့် အပူချိန်တိုင်း​​ပေးခြင်း၊ လက်သန့်​ဆေးများဖြင့် လက်​ဆေးခြင်း စသည်တို့ကို ဘဏ်ဝန်ထမ်းများက စနစ်တကျ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ကျိုက်မ​ရောမြို့နယ် မြန်မာ့စီးပွား​ရေးဘဏ်ခွဲသို့ အငြိမ်းစားပင်စင်လစာလာ​ရောက် ထုတ်ယူသူ ဦးရေမှာ (၇၀၀)​​​ ကျော်ရှိသဖြင့် ပါးစပ်ပိတ် နှာ​ခေါင်းစည်းများကို အငြိမ်းစား ဝန်ထမ်းများ လုံ​လောက်စွာ တပ်ဆင်အသုံးပြု နိုင်​စေ​ရေးနှင့်အသုံးပြုပြီးသား Mask များကို ပြန်လည်အသုံးမပြုမိ​စေရန် နှာ​ခေါင်းစည်းအသစ်များကို မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​​ရေးဦးစီးဌာန၊ ဦးစီးမှူး ​ဒေါ်ချိုမြတ်မြတ်​ထွေးနှင့် ဝန်ထမ်းများက မြန်မာ့စီးပွား​ရေးဘဏ်ဝန်ထမ်းများနှင့် ပူး​ပေါင်းကာနှာ​ ​​ခေါင်းစည်း Mask များအား  ပင်စင်လာရောက် ထုတ်သူများထံအခမဲ့​ပေး​ဝေခဲ့ကြ​ကြောင်းသိရသည်။

ချို ချို(ပြန်/ဆက်)