ပန်းဘဲတန်းမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် Mobile ဈေးကားများဖြင့် ရပ်ကွက် များအတွင်း လှည့်လည်ရောင်းချ

ပန်းဘဲတန်း နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုအရ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ကြီးမှူး၍  ညီနောင် လုပ်ငန်းရှင် အသင်းများမှ Mobile Market  စျေးကားများဖြင့် ယနေ့နံနက်ပိုင်းတွင် ပန်းဘဲတန်း မြို့နယ်ရှိ ရပ်ကွက်များတွင် ရောင်းချပေးကြောင်း သိရှိရပါသည်။

ပန်းဘဲတန်းမြို့နယ် (၂၅) လမ်းနှင့် (၂၆) လမ်းထောင့် မဟာဗန္ဓုလလမ်းမ သိမ်ကြီးဈေး (B) ရုံရှေ့တွင် နံနက် (၇)နာရီမှ (၉)နာရီအထိလည်းကောင်း၊ (၃၁) လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထိပ် အနော်ရထာလမ်းမတွင် နံနက်(၉) နာရီမှ (၁၁) နာရီအထိ သား၊ ငါး၊ ပုဇွန် ဟင်းသီးဟင်းရွက်နှင့် မီးဖိုချောင်သုံးစားသောက်ကုန်များကို ဈေးနှုန်း ချိုသာ စွာဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ Mobile Market ဖြင့် ဈေးရောင်းချရာတွင် ဈေးဝယ်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ (၆) ပေအကွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ ပါသည်။

နေခြည်(ပြန်/ဆက်)