ဂန့်ဂေါ နိုဝင်ဘာ ၂၃
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဂန့်ဂေါမြို့ စျေးလမ်းနှင့် ဆေးရုံလမ်းဆုံတွင် ဌာနဆိုင်ရာများ ၊ ပူးပေါင်းအဖွဲ့အစည်းများဖြင့် mask campaign ကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး mask တပ်ဆင်ခြင်း မရှိသူများ အား ချက်ချင်းတပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ဂန့်ဂေါမြို့ မြို့ဝင်၊ မြို့ထွက် နေရာများ၊ ဂန့်ဂေါမြို့နယ် ကျောမြို့ မြို့ဝင်၊ မြို့ထွက်နေရာများ၊ (ချင်းပြည်နယ် အိုက်ကား နှင့် ဂန့်ဂေါ-ထီးလင်းကားလမ်းဆုံ) အောင်မြင်ရွာတို့တွင် ဂိတ်များဖွင့်လှစ်၍ ယာဉ် မောင်းများ၊ ခရီးသည်များ၏ ကျန်းမာရေးကိုလည်း နေ့စဉ်စစ်ဆေးပေးလျက်ရှိသည်။
အဆိုပါ လုပ်ငန်းများအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့် ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများသည် သွားရောက် ကွင်းဆင်း လျက် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးပေးကြောင်း သိရသည်။
တောင်သားမောင်သန်း