တိုက်ကြီး စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ က အခြေခံပညာမူလတန်းလွန်ကျောင်း(မြို့မ - ၇ ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က လူငယ်နှင့်စာပေဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ မူလတန်းပြ ဆရာမ ဒေါ်သင်းသင်းခိုင် က လူငယ်နှင့်ယဥ်ကျေးမှုဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
စန်းကလျာခိုင် ( ပြန် / ဆက် )