သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရန် Mask Campaign ဆောင်ရွက်

သံတောင်ကြီး       နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပြန့်ပွားမှု မရှိစေရန်၊ ဈေးရောင်းဈေးဝယ်သူများနှင့် အပြင်သွားလာသူများအား  Mask   Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သံတောင်မြို့ဈေးနှင့် လူအသွားအလာများသည့် နေရာများတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ၊ လူတိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန် ၊ ဒေသခံပြည်သူများအနေဖြင့် အပြင်ထွက်သည့်အခါ Mask   တပ်ဆင်ထား သည့်အလေ့အကျင့်ရှိစေရန် ၊ ဈေးရောင်းသူများအနေဖြင့် Mask   နှင့်  Face   Shield   များမဖြစ်မနေ တပ်ဆင်ကြရန်အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ဈေးရောင်းသူများ ၊ဈေးဝယ်သူများ ၊ခရီး သွားလာသူများအား Mask   နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ Mask   Campaign ပြုလုပ်ခြင်းကို သံတောင်မြို့ အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံ တောင်မြို့ရဲတပ်ဖွဲ့ ၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)